Local Business

Myanmar Stories

Local Business

ခေတ်စားလာ‌သော ဘေဈေးကွက်

မြန်မာနိုင်ငံတွင် သာမန်အားဖြင့် ခေတ်ဟောင်းအဝတ်အစား၊ ဖက်ရှင်များ၊ တစ်ပတ်ရစ်များ ပြန်လည်ရောင်းချခြင်းကို ဘေလုပ်ငန်းဟုခေါ်ကြသည်။ ထိုအဝတ်အထည်၊ ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းသောအခါ ကြီးမားသော အထုတ်အပိုးပုံစံဖြင့် တင်သွင်းကြသောကြောင့် ဘေထည်၊ (ဘေအဝတ်အထည်) များဟုလည်းခေါ်ကြသည်။ ထိုအထုတ်များတွင် အမျိုးမျိုးသော ဖက်ရှင်ဆိုင်ရာပစ္စည်းများ၊ အလှအပဆိုင်ရာပစ္စည်းများ၊ လူ့အသုံးအဆောင်များ ပါဝင်ကြပြီး တစ်ခါတရံတွင် ကမ္ဘာအဝန်းမှ နာမည်ကြီးကုမ္ပဏီများ၏ အရေအတွက်အကန့်အသတ်ဖြင့် ထုတ်လုပ်သော ရှားပါးပစ္စည်းများပင် ပါလာတတ်ကြသည်။ ယခုကဲ့သို့ ဘေဆိုင်များ၊ တစ်လက်ကိုင်၊ တစ်ပတ်ရစ်ဆိုင်များသည် စကော့တလန်နိုင်ငံမှ စတင်ခဲ့ပြီး ယခုအခါတွင် နိုင်ငံအများစု၌ တွေ့ရှိနိုင်နေပြီဖြစ်သည်။ 
Local Business

တစ်မူထူးခြား ပြည်တွင်းဖြစ်အထည်များ

ဤဆောင်းပါးတွင် မြန်မာနိုင်ငံရှိ တမူထူးခြားပြီး ခေတ်မီသောအဝတ်အစားများအတွက် ပြည်တွင်း ထိပ်တန်း အမှတ်တံဆိပ်ငါးခုနှင့်အတူ ပြည်တွင်းအဝတ်အစား အမှတ်တံဆိပ်များကို မည်ကဲ့သို့ပံ့ပိုးသင့်ကြောင်း ဖော်ပြထားပါသည်။
Local Business

တမူထူးခြား မြန်မာ့ရတနာဆိုင်များ

လှပ သေသပ်ပြီး ခေတ်မှီတဲ့ လက်ဝတ်ရတနာဆိုင်ကို ရှာနေတယ်ဆိုရင်တော့ ဒီပြည်တွင်းမှာရှိတဲ့ဆိုင်လေးတွေက သင့်ကို စိတ်ကျေနပ်မှုပေးနိုင်မှာပါ 
Local Business

တောင်ကြီးဈေးနေ့ ( ၅ ရက်တစ်ဈေး)

တောင်ကြီး ဈေး ၅ ရက်တစ်ဈေးဆိုတာနဲ့ အရောင်စုံဈေးသည်တွေ၊ အစားအသောက်နဲ့၊ အသီးအနှံတွေရဲ့ အနံ့တွေ အပါအဝင် ပုံစံပေါင်းစုံနဲ့ဈေးရောင်းနေတဲ့ ဈေးသည်တွေရဲ့ အသံတွေ၊ ဈေးဆစ်နေတဲ့ ဝယ်သူတွေရဲ့ အသံတွေနဲ့အတူ တွေးစရာတွေပေါ်လာတော့တာဘဲ။ ဈေးဆိုတာ လိုချင်တာတွေဘဲ ဝယ်ယူနိုင်တဲ့ နေရာတစ်ခုလား။ ကျွန်မအတွက်တော့ လိုချင်တာပဲဝယ်နိုင်တဲ့ နေရာတစ်ခုသက်သက် မဟုတ်ခဲ့ပါ။ ဈေးဆိုတဲ့နေရာက တကယ်လေ့လာကြည့်ရင် လိုအပ်တာတွေ ဝယ်နိုင်ရုံသာမက ဒေသတစ်ခုရဲ့ အငွေ့အသက်တွေဖြစ်တဲ့ တောင်ကြီးလည်ပတ်စရာ၊ တောင်ကြီးဒေသခံတွေရဲ့ဘဝရပ်တည်မှု၊ စီးပွားရေး၊ အသက်မွေးဝမ်းကျောင်း၊ ဓလေထုံးတမ်း၊ ဒေသထွက်ပစ္စည်းနဲ့ အစားအသောက်သာမက သူတို့ရဲ့ဘဝရပ်တည်မှုကို ပါထင်ဟပ်ပြသနေတဲ့ နေရာတစ်ခုပါ....
Local Business

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ တောင်သူတစ်ဉီး၏ ပြောင်းစိုက်ပျိုးရေးလုပ်ငန်း

ဤဆောင်းပါးသည် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ ပြောင်းစိုက် တောင်သူတစ်ဉီးအကြောင်းကို ရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။ ညောင်တုန်းမြို့သည် ရန်ကုန်မှ ၃၆ ကီလိုမီတာ အကွာ ပန်းလှိုင်မြစ်ကမ်းဘေးတွင် တည်ရှိပါသည်။ ကိုဗစ်ရောဂါနှင့် အာဏာသိမ်းမှုကြောင့်နိုင်ငံ၏ လက်လုပ်လက်စား အလုပ်သမားများနှင့်ယှဉ်လျှင် လယ်သမားများအပေါ်တွင် ကြီးမားသော သက်ရောက်မှုများ ယခုအချိန်အထိ များစွာမရှိသေးဟု ပြောနိုင်ပေသေးသည်။ သို့ရာတွင် တောင်သူလယ်သမားများမှာလည်း ၎င်းတို့၏ ရာသီပေါ်အသီးအနှံများ စိုက်ပျိုးရောင်းချရေးတွင် မငြိမ်မသက်မှုများကြောင့် ရသင့်သော အကျိုးအမြတ်များ မရရှိပဲ စျေးမတည်ငြိမ်မှုများ ရင်ဆိုင်ကြုံတွေ့နေရပေသည်။