Travel

Myanmar Stories

Travel

စမ်းလှမ်းတံငါရွာလေး

သင်သည် တောတောင်ရေမြေသဘာ၀ရှုခင်းများနှင့် ဒေသခံတို့၏ နေ့စဥ်ဘ၀ကို ကြည့်ရှုခံစားရသည်ကို သဘောကျသူတစ်ယောက်ဖြစ်လျှင် စမ်းလှမ်းရွာသည် သွားရောက်လည်ပတ်သင့်သော ရွာတစ်ရွာပင် ဖြစ်သည်။ ထိုကြောင့်ထားဝယ်သို့ရောက်ရှိသောအခါ သဘာဝအလှတရားများ နှင့် ပြည့်နှက်နေသော စမ်းလှမ်းတံငါရွာသို့ တစ်ခေါက်လောက်သွားရောက်လည်ပတ်ဖို့‌ဖိတ်ခေါ်အပ်ပါသည်။
Travel

လည်ပတ်သင့်သော တီဇစ်တံငါရွာ

တီဇစ်ကျေးရွာသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်တည်ရှိပြီး ထားဝယ်မြို့မှ ၂၀ မိုင်ခန့်ကွာဝေးပါသည်။ တီဇစ်ကျေးရွာသည် အေးချမ်းသာယာပြီး တောတောင်ရေမြေ၊ ကမ်းခြေ၊ ရေတံခွန်စသည့် သဘာဝအလှတရားများဖြင့် ပြည့်နှက်နေသော တံငါရွာလေးတစ်ရွာဖြစ်ပါသည်။ ထိုရွာသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်ကတည်းက တည်ရှိပြီး အိမ်ခြေ ၆၀၀ ကျော်နှင့် လူဦးရေမှာ ၃၅၀၀ ဝန်းကျင်ရှိပါသည်။ ရွာသူရွာသားများ၏ ၆၀% ခန့်သည် တံငါလုပ်ငန်း ကိုလုပ်ကိုင်ကြပြီး ကျန်ရွာသူရွာသား ၄၀%၏ တစ်ချို့သည် ဥယျာဉ်ခြံလုပ်ငန်းကိုလုပ်ကိုင်ကြပြီး တစ်ချို့မှာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံများတွင်သွားရောက်လုပ်ကိုင်ကြပါသည်။
Travel

စိတ်ဝင်စားဖွယ် အလှတရားများနှင့် စစ်ကိုင်းဒေသ

စစ်ကိုင်းမြို့နှင့် ၎င်း၏ စိတ်ဝင်စားဖွယ်နှင့် နှစ်လိုဖွယ်ကောင်းသော နေရာများအဖြစ် ပြောင်းလဲခေါ်ဆိုနိုင်ပေလိမ့်မည် ... "စစ်ကိုင်း" စိတ်ဝင်စားစရာနေရာများ စစ်ကိုင်း တိုင်း ရှိ ဘုရားများနှင့် လည်ပတ်စရာ နေရာများစုစည်းရာ
Travel

စိတ်ဝင်စားဖွယ် အင်းတော်ဝယ်

အင်းတော်ဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင်တည်ရှိသော မြို့ငယ်လေးတစ်မြို့ဖြစ်ပါသည်။ မြန်မာနိုင်ငံအပေါ်ပိုင်းရှိ ကချင်ပြည်နယ်နှင့် နီးကပ်စွာ တည်ရှိပြီး အရသာရှိသော အစားအသောက်များ၊ သာယာသော အင်းတော်ကန်နှင့် သမိုင်းဝင် နေရာများစွာ ရှိပါသည်။
Travel

သစ်လွင်တောက်ပ ကယားဒေသ

ကယားပြည်နယ်သည် မြန်မာနိုင်ငံတွင် အသေးငယ်ဆုံးပြည်နယ်ဖြစ်သော်လည်း ရှေးရိုးဆန်သော သဘာဝ၊ တိုင်းရင်းသားလူမျိုးစုများ၏ အလှတရားများနှင့် ထူးထူးခြားခြား အတွေ့အကြုံများစွာဖြင့် ထူထပ်သောနေရာဖြစ်သည်။ ကယားမြေမှ သင့်ကို အမြဲကြိုဆိုနေပါသည်……
Travel

မြစ်ကြီးနားရဲ့ လည်ပတ်စရာနေရာတစ်နေရာ

၂၀၁၅ ခုနှစ်က စတင်လည်ပတ်ခဲ့ကြတဲ့ အောင်မြေသာကတော့ ေတာေတာင်ကြားမှာ သဘာဝအတိုင်းစီးဆင်းေနေတဲ့ စမ်းေချာင်းနေရာလေးမှာ အပန်းဖြေစခန်း ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ကျိုင်ကရင်ချောင်းလိုလူသိများတဲ့ အောင်မြေသာ စမ်းချောင်းက တစ်ချိန်က မြစ်ကြီးနားမြို့ကို လျှပ်စစ်ဓာတ်အား ပေးဆောင်တဲ့ Krang Kran ဓာတ်အားပေးစက်ရုံ၏ ကျန်ရှိနေတဲ့ ပထမဆုံးသော နေရာဖြစ်ပါတယ်။ကျိုင်းခရန်ချောင်းမှ ရေက ရေချိုဖြစ်ပြီး အလွန်ကောင်းသော PH အဆင့်ရှိတဲ့ ရေဖြစ်တာကြောင့် မြစ်ကြီးနားမြို့ကို ရေပေးဝေနေပါတယ်။ ချောင်းထဲကရေက လတ်ဆတ်ပြီး ကြည်လင်နေတာကြောင့် နွေရာသီမှာလာေရာက်လည်ပတ်သူတိုင်းအတွက် ရေပန်းစားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
Travel

ကလုံးထာကျေးရွာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း

ကလုံးထာကျေးရွာသည် မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် တွင် တည်ရှိပါသည်။ ကလုံးထာကျေးရွာသည် တောင်တန်း၊ စမ်းချောင်း၊ မြစ်၊ ရေတံခွန်၊ ရေပူစမ်း၊ စသည့်သာယာလှပ‌သောတောတောင်၊ရေမြေသဘာဝရှုခင်းများနှင့်ပြည့်နှက်နေ သည့် ရွာလေးတစ်ရွာဖြစ်ပါသည်။ ကလုံးထာကျေးရွာသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်က ကရင်တိုင်းရင်းသား ဦး‌ကော်လာထိုးတို့မိသားစုစတင်‌နေထိုင်ရာမှ ဖြစ်တည်လာသည်ဟု ရှေးခေတ်အဆက်ဆက် ပြောဆိုမှုများအရ သိရှိရပါသည်။
Travel

အင်းလေးကန်၏ လည်ပတ်ကြည့်ရှုစရာများ

အင်းလေးကန်ဟာ မြန်မာနိုင်ငံမှာဒုတိယအကြီးဆုံးကန်ဆိုတာ သင်သိပါသလား? အင်းလေးကန်ဟာ ခန့်မှန်းခြေ မျက်နှာပြင် အကျယ်အဝန်း 44.9 စတုရန်းမိုင် နှင့် အမြင့်ပေ 2,900 ရှိပါတယ်။ ၎င်းသည် ရှမ်းပြည်နယ် ညောင်ရွှေချိုင့်ဝှမ်းတွင် တည်ရှိပြီး မြောက်မှတောင်သို့ ပြန့်ကျဲနေသော တောင်တန်းနှစ်ခုကြားတွင် တည်ရှိပါတယ်။ အင်းလေးသည် ရိုးသားကြိုးစားသော အင်းလေးဒေသခံ ၇၀,၀၀၀ ခန့် နေထိုင်ရာ ဒေသဖြစ်ပါတယ်။ အင်းလေးရှိ ရွာ ၁၇ ရွာသည် မတူကွဲပြားသော ဓလေ့ထုံးတမ်းများနှင့် ယဉ်ကျေးမှုများ ပိုင်ဆိုင်ထားပြီး ၎င်းတို့၏ ကိုယ်ပိုင်ပုံစံဖြင့် နေထိုင်ကြပါတယ်။