သစ်လွင်တောက်ပ ကယားဒေသ 

ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုအနက် အသေးငယ်ဆုံးဖြစ်သော်လည်း ၎င်း၏ ပထဝီဝင်တည်နေရာနှင့် အံ့သြဖွယ်ရာ ရှုခင်းမျိုးစုံ ရှိသည်။ မြန်မာနိုင်ငံတွင် လည်ပတ်မှုအနည်းဆုံးဒေသ တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ အရှေ့ဘက်တွင် တည်ရှိသော ကယားပြည်နယ်သည် မြောက်ဘက်တွင် ရှမ်းပြည်နယ်၊ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပါသည်။ ကယားပြည်နယ်တွင်   တောင်တန်း အများစုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ စီးဆင်းသော မြစ်များအနီးတွင် မြေပြန့် အချို့ ပါဝင်သည်။ 

ကယားပြည်နယ်တွင် နေထိုင်သူများ

ကယားပြည်နယ်တွင် ကယား၊ မိုနု ၊ ဂေပဘား၊ ယင်းတလဲ၊ ယင်းဘော်၊ ကယန်း ပဒေါင်၊ ကယန်း လထ၊ ကယန်း ဂေခို နှင့် ကယော အစရှိသော လူမျိုးစု (၉)မျိုးသည် ကယားပြည်နယ်ဇာတိ လူမျိုးစုများဖြစ်ကြသည်။ ၎င်းတို့အပြင် ရှမ်း၊ အင်းသား၊ ဗမာလူမျိုးတို့နှင့် မြောက်ဘက်တွင် အခြားလူမျိုးစုအနည်းငယ်နှင့် တောင်တန်းများပေါ်တွင် ပအို့ဝ်လူမျိုးတို့လည်းနေထိုင်ကြသည်။ 

 ကယား  

   

ကယန်း ပဒေါင် 

   

ကယော

လွိုင်ကော်မြို့သည် ကယားပြည်နယ်၏ မြို့တော်ဖြစ်ပြီး ကယားပြည်နယ်၏ အလှတစ်ခုလည်း ဖြစ်သည်။ မြို့တော်သည် အလွန်ဆွဲဆောင်မှုရှိပြီး ဘီလူးချောင်းပေါ်ရှိ တာတမံတစ်ခု အထက်တွင် တည်ရှိသောကြောင့် မြို့တော်ကို ပိုမိုလှပစေသည်။  လွိုင်ကော်မြို့သည် သန့်ရှင်းသပ်ရပ်သောမြို့ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် “ASEAN Clean City Award” ကို ရရှိခဲ့သည်။

လွိုင်ကော်မြို့

လမ်းကြောင်း 

လွိုင်ကော်မြို့သည် ရန်ကုန်မှ ကားဖြင့် ၁၁ နာရီ ကြာမြှင့်ပြီးလေကြောင်းခရီးဖြင့်သွားပါက မိနစ် ၅၀  ကြာပါလိမ့်မည်။ မန္တလေးမြို့မှ ၈ နာရီကြာမြင့်ပြီး နေပြည်တော်မှ ၅ နာရီနှင့် တောင်ကြီးမှ ၃ နာရီ သာကြာသည်။

လွိုင်ကော်မြို့တစ်ဝိုက် လည်ပတ်စရာများ

တောင်ကွဲဘုရားသည် လွိုင်ကော်မြို့၏ အဓိက ဘုရားဖူးများအတွက် သာသနာ့ အထင်ကရနေရာဖြစ်သည်။ တောင်ကွဲဘုရားပေါ်မှ မြို့၏ လှပသော ရှုခင်းများ၊ အနီးပတ်ဝန်းကျင် ကျေးလက်‌ဒေသများကို တွေ့မြင်နိုင်ပါသည်။နေဝင်ချိန်သည် လည်ပတ်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။

တောင်ကွဲဘုရား

ဟော်နန်း (သီရိမင်္ဂလာကျောင်းတိုက်) ကို ၁၉၂၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စဝ်ဖဟု ၁၉၅၉ ခုနှစ်အထိ ခေါ်တွင်ပြီး ကယားမင်းသားများ၏ နန်းတော်အဖြစ် ဖြစ်ခဲ့သည်။ ဟော်နန်းတွင် ကယားတော်ဝင်မိသားစုအကြောင်းများကို သိရှိနိုင်သည်။

ဟော်နန်း (သီရိမင်္ဂလာကျောင်းတိုက်)

၁၉၃၉ ခုနှစ်တွင် ရိုမန်ကက်သလစ်သာသနာပြုများ ဆောက်လုပ်ခဲ့သော ခရစ်စတူးဘုရင်ဘုရားကျောင်းတွင် အီတလီနိုင်ငံမှ သယ်ဆောင်လာသော ခေါင်းလောင်းတစ်လုံးကို တပ်ဆင်ထားသည်။ ၎င်းနှင့် ကပ်လျက် အသစ်ဆောက်လုပ်ထားသော အဆောက်အအုံတွင်  ဗမာ၊ အင်္ဂလိပ်၊ ကယန်းနှင့် လက်တင်ဘာသာစကားများဖြင့် မစ္ဆားတရားတော်ကို ကျင်းပကြသည်။ ဤဘုရားကျောင်းသည် လွိုင်ကော်မြို့တွင် ပထမဆုံးတည်ဆောက်ခဲ့သော ဘုရားကျောင်းဖြစ်သောကြောင့် လာရောက်လည်ပတ်သင့်သော နေရာတစ်ခုဖြစ်သည်။

ခရစ်စတူးဘုရင်ဘုရားကျောင်း

မြို့နာမ်ဘုရား၊ နောင်ယားကန်၊ ထီးစဲခါးရေတံခွန်၊ ကြပ်ဂူနှင့် လောပိတ ရေအားလျှပ်စစ်စက်ရုံများနှင့် ရေတံခွန်တို့ကိုလည်း သွားရောက်လည်ပတ်နိုင်ပါသည်။

လူမျိုးစုများစီသို့ သွားရောက်လည်ပတ်လိုသူများအတွက်

ကယားပြည်နယ်တွင် CBT စီမံကိန်း ၄ ရွာရှိပြီး ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့သည်။ ၎င်းတို့သည် ၂၀၁၇ မှ ၂၀၁၉ ခုနှစ်အထိ ASEAN CBT မှ ပေးအပ်သော “ASEAN Tourism Standard Award” ကို ရရှိခဲ့ပါသည်။ ၎င်းတို့၏ရိုးရာ၊ သမိုင်း၊ ပုံပြင်များ စသည်တို့ကို လာရောက်နားဆင်ကြပါစို့…….

ထနီးလာလဲကျေးရွာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (ကယားလူမျိုးစု)

ဤရွာသည် လွိုင်ကော်မှ ၄၅ မိနစ်လောက် ကားမောင်းရသည်။ ၎င်းသည် ရိုးရာနတ်ကိုးကွယ်သည့် နတ်ကွန်းများ၊ တံခွန်တိုင်များနှင့် ကေထိုးဘိုး ရွာခန်းမကို ပြသထားသည့် လယ်ယာစိုက်ရွာဖြစ်သည်။ တံခွန်တိုင်ပွဲတော်ကို ဧပြီလတိုင်း ကျင်းပသည်။ ရွာအနှံ့ လမ်းလျှောက်သွားရင်း ၎င်းတို့၏ နေ့စဉ်ဘဝပုံစံတွေကို လေ့လာနိုင်ပါသည်။ အံ့သြသင့်စရာကောင်းသည့် ဝါးတူရိယာ(ဝါးဂီတာ)ဖြင့် တီးခတ်သော ၎င်းတို့၏ ရိုးရာသီချင်းများကို လာရောက်ခံစားကြည့်ဖို့ ဖိတ်ခေါ်လိုက်ရပါသည်။

  

ထနီးလာလဲကျေးရွာ
ထနီးလာလဲကျေးရွာ

ပန်ပက်ကျေးရွာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (ကယန်းလူမျိုးစု)

ပန်ပက်ကျေးရွာသည် ကယန်း(ပဒေါင်)တိုင်းရင်းသားတို့၏ ဇာတိဖြစ်သည်။ လွိုင်ကော်မြို့မှ ၂၅ မိုင်အကွာတွင် တည်ရှိသည်။ဤရွာသည်တစ်နာရီခွဲခန့်ကြာမြင့်သည့် ခရီးစဉ်ဖြစ်ပြီး၊ ရှုခင်းကြည့်လမ်းလျှောက်ရန် နှင့်ဒေသခံရွာသားများနှင့်တွေ့ဆုံရန် အကောင်းဆုံး ဒေသဖြစ်သည်။ အစဉ်အလာအရ အမျိုးသမီးအများစုသည် ငယ်စဉ်ကတည်းက ၎င်းတို့၏လည်ပင်းတွင် ကြေးဝါကွင်းများကို ဝတ်ဆင်ကြသည်။ ၎င်းတို့သည် အလွန် ဖော်ရွေကြပြီး ဆွဲဆောင်မှုရှိသည်။    

ပန်ပက်ကျေးရွာ
ပန်ပက်ကျေးရွာ

ထေခိုကျေးရွာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (ကယောလူမျိုးစု)

ဤကျေးရွာသည် လွိုင်ကော်မြို့မှ ၄၂ မိုင်အကွာတွင်ရှိပြီး ၂ နာရီခွဲခန့် ကြာမြင့်မည် ဖြစ်သည်။ ရွာသို့သွားရာလမ်းတွင် လှပသောရှုခင်းများနှင့် တောင်လမ်းမှ ရင်သပ်ရှုမောဖွယ်ရှုခင်းများကို မြင်တွေ့ရမည်ဖြစ်သည်။ ယေဘူယျအားဖြင့် ၎င်းတို့ရွာများသည် တောင်ထိပ်နှင့် တောင်စောင်းများတွင် တည်ရှိကြသည်။ အမျိုးသမီးအများစုသည် ရိုးရာအဝတ်အစားများကို ဝတ်ဆင်ကြပြီး ခြေထောက်ကွင်းများ၊ စက်ဝိုင်းနားကပ်များ၊ လည်ဆွဲများကို သပ်ရပ်စွာဝတ်ဆင်ကြသည်ကို သေချာပေါက် သတိပြုမိပါလိမ့်မည်။

ထေခိုကျေးရွာ

ထေခိုကျေးရွာ

ဒေါတမကြီးကျေးရွာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (ကယားလူမျိုးစု)

ဤရွာသည် ထနီးလာလီကျေးရွာနှင့် တူညီသော လူမျိုးစုများ နေထိုင်ရာဒေသဖြစ်သည်။ လွိုင်ကော်မှ ၃ နာရီကြာ ကားမောင်းရပါသည်။ အကယ်၍ သင်သည် ထိုနေရာသို့ သွားရောက်လည်ပတ်ပါက ဖိုးဒီးခရိ (ရိုးရာနတ်) နှင့် အမျိုးသမီးအခွင့်အရေးတောင်းဆိုလို့ရသောပွဲ "Conferences for Women's Right" အကြောင်း လေ့လာနိုင်မည်ဖြစ်ပါသည်။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်ရမည်ဖြစ်ပြီး အမျိုးသမီးများအတွက် ၎င်းတို့ရဲ့ ရိုးရာဥပဒေများ၊ အထူးသဖြင့် အိမ်ထောင်ရေးတာဝန်များက သင့်ကိုအံ့သြသင့်စေနိုင်ပါလိမ့်မည်။

ဒေါတမကြီးကျေးရွာ
ဒေါတမကြီးကျေးရွာ
ဒေါတမကြီးကျေးရွာ

သင်ရဲ့ နေ့စဉ် ဘဝတွေထဲမှ ခွဲထွက်ပြီး သဘာဝတရားကြီးနှင့် ထိတွေ့ချင်ပါက  ကယားပြည်နယ်၏ အကြိုက်ဆုံး တောင်ပေါ်နေရာအချို့ကို My Local Passion မှ ဖော်ပြပေးလိုက်ပါတယ်……

လွိုင်နန်းဖတောင်

လွိုင်နန်းဖတောင် သည် လွိုင်ကော်မြို့မှ ၄၅ မိနစ်သာ ကားမောင်းရသည့်အတွက် တောင်တက်ခရီးများ သွားရောက်လည်ပတ်သင့်ပါသည်။ တောင်ထိပ်သို့ရောက်ရှိရန် ၃ နာရီခန့် ကြာမည် ဖြစ်သည်။ တောင်ထိပ်တွင် ဘုရားတစ်ဆူနှင့် လက်ဝါးကပ်တိုင်တစ်ခုတို့ ငြိမ်းချမ်းစွာ အတူတကွ တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၀၀၀ ကျော်မြင့်ပြီး လွိုင်ကော်မြို့တစ်ဝိုက်တွင် အမြင့်ဆုံးတောင်ဖြစ်သည်။ ကယားပြည်နယ်၏ အံ့သြစရာအကောင်းဆုံးနှင့် အထင်ကရ မြင်ကွင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။

ဆင်ဖြူတောင် သည် ယနေ့ခေတ်တွင် ရေပန်းစားလာသည်။ သာယာသောမြင်ကွင်းများနှင့် ရာသီဥတုကြောင့် ၎င်းကို "နယူးဇီလန်နိုင်ငံငယ်လေး" ဟုခေါ်ကြသည်။ လွိုင်ကော်မြို့မှ ၂ နာရီခန့် ကားမောင်းသွားရပါမည်။

ဆင်ဖြူတောင်

ခူးပရာတောင် (ရွှေတောင်တန်း) သည် မထိတွေ့ရသေးသော virgin land ဟုကြော်ကြားသည်။ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်အနီးတွင် တည်ရှိသည်။ ယိုယွင်းပျက်စီးမှုမရှိသော သဘာဝပတ်ဝန်းကျင်များသည် ခရီးသွားများကို ပိုမိုဆွဲဆောင်မှုဖြစ်စေသည်။ ကားမောင်းချိန် နှစ်နာရီခွဲ ကြာနိုင်သည်။ တောင်ထိပ်မှ ပတ်ဝန်းကျင်တောင်တန်းများ၏ အံ့မခန်းမြင်ကွင်းများကို ပေးစွမ်းနိုင်ပြီး နတ်ဘုံတွင် ရောက်ရှိနေသကဲ့သို့ ခံစားမှုပေးစွမ်းနိုင်မှာ ဖြစ်ပါသည်။ ခူးပရာတောင် သည် သင့်သူငယ်ချင်းများနှင့် မိသားစုများနှင့်အတူ Camping ထွက်ရန် သို့မဟုတ် ပျော်ပွဲစားထွက်ရန် ပြီးပြည့်စုံသောနေရာတစ်ခုဖြစ်သည်။

ခူးပရာတောင် (ရွှေတောင်တန်း)
ခူးပရာ‌‌ေတောင်

စာရေးသူ အထက်တွင် တင်ပြထားသည့်အတိုင်း ကယားပြည်နယ်သည် မြန်မာနိုင်ငံတွင် အသေးငယ်ဆုံးပြည်နယ်ဖြစ်သော်လည်း ရှေးရိုးဆန်သော သဘာဝ၊ တိုင်းရင်းသားလူမျိုးစုများ၏ အလှတရားများနှင့် ထူးထူးခြားခြား အတွေ့အကြုံများစွာဖြင့် ထူထပ်သောနေရာဖြစ်သည်။ အထက်ပါခရီးစဉ်များအပြင် ထီးပရူနူးဂူPrunu River Cave၊ မြစ်နီဂူRed River Cave၊ ရွာသစ်ရေတံခွန်နှင့် ဘုန်းကြီးကျောင်း၊ ရှားတော်ရေပူစမ်း၊ အိုက်စန့်လီစူးEiSant Lisu မျိုးနွယ်စုရွာစသည်ဖြင့် မထိတွေ့ရသေးသော နေရာများစွာရှိသေးသည်။ ကယားမြေမှ သင့်ကို အမြဲကြိုဆိုနေပါသည်……………

By Kayan Beauty

Posted
May 31, 2022