ရောင်သွေးစုံလင် ကယားပြည်တစ်ခွင်

ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း (၁၄) တွင် အသေးငယ်ဆုံးပြည်နယ် တစ်ခုဖြစ်ပြီး ပထဝီတည်နေရာအရ အလွန်တရာလှပသော  ရှုခင်းအမျိုးမျိုးနှင့် ပြည့်နက်နေသည့် ပြည်နယ်တစ်ခု ဖြစ်သည်။  ၎င်းသည် (၁၁၇၃၁) ကီလိုမီတာကျယ်ဝန်းပြီး မြို့တော်မှာ လွိုင်ကော်ဖြစ်သည်။ မြို့တော်လွိုင်ကော်သို့ ရန်ကုန်မှ ၁၁ နာရီခန့်သာ မောင်းရသည်။

  ကယားပြည်နယ်တွင် လူမျိုးစု (၉) စုရှိပြီး ၎င်းတို့မှာ ကယား၊ ကယန်း၊ ကယော၊  မိုနု၊‌‌‌‌ မိုနော၊ ဂေခို၊ ဂေဘား၊ ယင်းတလဲ၊ ယင်းဘော် တို့ဖြစ်သည်။ ထို့အပြင် ရှမ်း၊ အင်းသား၊ ဗမာ နှင့် အခြားသော လူမျိုးစု အနည်းငယ်သည် မြောက်အရပ်တွင်တွင် နေထိုင်ကြပြီး ပအို့ဝ်လူမျိုးစုသည်လည်း ဝန်းရံနေထိုင်လျက်ရှိကြသည်။

 လူဦးရေနှင့် ကိုးကွယ်ယုံကြည်မှု

၂၀၂၁ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ  ၃၃၀,၀၀၀ ခန့်ရှိပါသည်။ ကယားပြည်နယ်တွင် ဗုဒ္ဓ၊ ခရစ်ယာန် နှင့် နတ်ကို အဓိက ကိုးကွယ်ကြသည်။ လူမျိုးစုအများစုသည် ခရစ်ယာန်ဘာသာကို ယုံကြည်ကြပြီး၊ အချို့က ဗုဒ္ဓ ကိုးကွယ်သည့်အလျောက် ၎င်းတို့၏ နတ်ကိုးကွယ်ယုံကြည်မှုကိုလည်း ဆက်လက် ထိန်းသိမ်းယုံကြည်ကြသည်။

ကယားယဉ်ကျေးမှုနှင့် မျိုးနွယ်စုများအကြောင်း 

မြန်မာနိင်ငံ၏ နှစ်သစ်ကူးပွဲတော်ဖြစ်သည့် သကြင်္န်ပွဲတော်သည် ကယားလူမျိုးတို့အတွက်လည်း အရေးပါသည်။ ပွဲတောကို ဧပြီလ (၁၃) ရက်နေ့တွင် စတင်လျက်ရှိပြီး နှစ်ထပ်နှစ်တွင် ကျရောက်လျှင်  ၃ ရက် (သို့မဟုတ်) ၄ ရက်ခန့် ကြာလေ့ရှိသည်။ ယဥ်ကျေးမှုဓလေ့အရ နှစ်သစ်စတင်ချိန်တွင် ရွှင်လန်းမှု နှင့်ကိုယ်စိတ်နှလုံး ဖြူစင်မှုရရှိရန် အတွက် အတာသကြင်္န်ရေဖြင့် ဆေးကြောခြင်းသည် နှစ်ဟောင်းတွင်ကျန်ရှိနေသည့် မကောင်းသော စိတ်နှလုံးများကို ဖယ်ရှားပေးသည်ဟု ယုံကြည်ကြသည်။ လူငယ်အများစုသည် သကြင်္န်ပွဲတော်တွင် လမ်းမတွေပေါ်၌ ‌ပျော်ရွှင်စွာ ‌ရေကစားလေ့ရှိသည်။

 

 ကယားပြည်နယ်၌ သကြင်္န်ကာလတွင် မိသားစုအများစုသည် ဘုန်းကြီးကျောင်းတွင် အလှူလုပ်ရန်အတွက်နှင့် အခြားသော ကုသိုလ်ကောင်းမှုများ လုပ်ဆောင်ရန်အတွက် နေ့တစ်ပိုင်းကုန်ဆုံးစေသည်။ ဘုန်းကြီးကျောင်းတက်စဥ် လမ်းတွင် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံပါက “ဘယ်နှစ်ကျောင်းရောက်ပြီလဲ” ဟု မေးတတ်ကြသေးသည်။ ထိုဓလေ့ထုံးတမ်းက အခုချိန်ထိ ရှင်သန်နေပါသေးသည်။

ဧပြီလသည် ကယားလူမျိုးစုအတွက် အရေးကြီးသော လလည်းဖြစ်သည်။ ကေထိုးဘိုးပွဲတော်သည် အဓိက ဘာသာရေးပွဲတော်တစ်ခု ဖြစ်ပြီး (၃) ရက်ကြာ ကျင်းပလေ့ရှိသည်။ ထိုပွဲတော်ကို ကျင်းပရခြင်းမှာ သူတို့ယုံကြည်ရာဖြစ်သော ဘုရားသည်သည် ကမ္ဘာကြီးကို စတင် ဖန်ဆင်းချိန်တွင် မြေပြင်တွင် သစ်သားတိုင်စိုက်ထူခြင်းမှ  စတင်သန္ဓေတည်ခဲ့သည်။ “ကေ”သည် ပြည်နယ်၊ “ထိုး” သည် ပြည့်စုံခြင်း၊ “ဘိုး”သည် အထွဋ်အမြတ်ထားသော တိုင်လုံးဟု အဓိပ္ပာယ်ရသည်။ မြန်မာဘာသာဖြင့်ဖြင့် “တံခွန်တိုင်” ဟု ခေါ်ကြသည်။

တံခွန်တိုင်

သစ်တိုင်လုံးကို ရွေးချယ်ရာတွင် စည်းမျဥ်းစည်းကမ်းများ ရှိသည့်အတွက် ‌ရွေးချယ်သော သစ်လုံးသည် ဖြောင့်တန်းရမည်သာမက ပိုးမွှားများ တွယ်ကပ်မှု မရှိရန်နှင့် အထူးသဖြင့် မသန့်ရှင်းသော ငှက်ဟု ယူဆကြသော လင်းတ သို့မဟုတ် လင်းယုန်ငှက် တို့၏ အသိုက်များ မရှိရန် လိုအပ်ပါသည်။

ထိုသို့ သစ်လုံးရရှိရန် ဆောင်ရွက်ရာတွင် ရက်ကောင်းရက်မြတ်ကို  ရွေးချယ်ကြသည်။ သစ်တိုင်လုံးရရှိရန် သစ်ပင် မခုတ်လဲခင်တွင် တောစောင့်နတ်၊ တောင်စောင့်နတ်ကို ခွင့်တောင်းခံခြင်း ပြုလုပ်ကြသည်။ သက်ဆိုင်ရာ ကေထိုးဘိုးနတ်ဆရာမှ ပထမဦးစွာ အမှတ်အသားပြုလုပ်ပြီး အခြားသူများမှ ဆက်လက်ဆောင်ရွက်ကြသည်။

ပုံမှန်အားဖြင့် ထိုပွဲတော်ကို သုံးရက်ခန့် ကျင်းပလေ့ရှိသည်။ ပထမရက်တွင် သစ်ပင်ကို ခုတ်လှဲကြပြီး တိုင်ထူရမည့်နေရာသို့ သယ်လာကြသည်။ ဤနေ့ရက်တွင် သစ်ပင်လှဲကျသော နေရာသို့ တစ်ရွာလုံး သွားကြရသည်။ ဒုတိယနေ့တွင် ထိုသစ်လုံး၏ အပြင်အခွံလွှာကို ခွာချကြပြီး ထိုသစ်လုံးကို ပို၍ရှုစားချင်သဖွယ်ကောင်းအောင် သရဖူပုံစံ ထွင်းထုခြင်း၊ အရောင်ဆိုးပေးခြင်းဖြင့် ပြင်ဆင်ကြသည်။

တိုင်ထူသော နောက်ဆုံးနေ့တွင်နေ့တွင် ရွာသူ/သားများသည် ထိုတိုင်ကို အသီးနှင့် အဆာပြေမုန့်များကို ပူဇော်သကာ ပြုလုပ်ကြပြီး ရေဆွတ်ထားသော သပြေရွက်ဖြင့် ပက်ဖျန်းကြသည်။ ထို့နောက်  ရွာ၏ တစ်နှစ်တာကံကြမ္မာတွက်ချက်ရန်အတွက် ကြက်ရိုးထိုးကြသည်။ ကြက်ရိုးထိုး၍ ကောင်းပါက နောက်တစ်နှစ်တာတွင် ရွာသားများ ကျန်းမာခြင်းနှင့် ကြီးပွားတိုးတက်ခြင်းများ ဖြစ်လာလိမ့်မည်ဖြစ်ပြီး မကောင်းပါက ဖျားနာခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းများ ကြုံရလိမ့်မည်ဟု ယူဆကြသည်။ ကြက်ရိုးထိုးပြီးနောက် မိန်းကလေးများသည် ဝိညာဥ်များကို အိမ်သို့ ပြန်ခေါ်ကြသည်။ ဤပွဲတော်ကို ကျင်းပရခြင်းမှာ ပြည်နယ်အတွင်း ငြိမ်းချမ်းမှုရရှိစေရန်၊ ရာသီဥတုကောင်းမွန်စေရန်၊ သီးနှံများထွက်တိုးစေရန် နှင့် ဘေးအန္တရာယ်များ ကင်းလွတ်စေရန်အတွက် ဖြစ်သည်။

“ကေထိုးဘိုး” ပွဲတော်သည် ကယားမျိုးနွယ်စုအတွက် အရေးကြီးဆုံးသော ပွဲတော်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤရိုးရာပွဲတော် ‌ပျောက်ပြယ်သွားလျှင့် သူတို့ လူမျိုးစုသည်လည်း ပျောက်ကွယ်သွားမည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်သည်။ 

 ကယန်းလူမျိုးစုသည်လည်း ဧပြီလထဲတွင် ငှက်တံခွန်တိုင်ပွဲတော်ကို ကျင်းပလေ့ရှိ ကြသည်။ သို့သော်လည်း ကေထိုးဘိုးပွဲတော်နှင့် အနည်းငယ်ကွဲပြားသည်။ ကယန်းလူမျိုးစုသည် သူတို့၏ အထိမ်းအမှတ်အနေဖြင့် သစ်သားငှက်ပုံသဏ္ဍာန်ကို ထွင်းထုထားသည်။ တစ်နှစ်တစ်ခါ ငှက်ထီးငှက်မပုံသဏ္ဍာန်ကို အလှည့်ကျ ပြောင်းလဲလေ့ရှိသည်။

သြဂုတ်လတွင် မဟာဒုတ်ပွဲတော် (တောင်ပြုံးပွဲတော်) ကို ကျင်းပကြသည်။ ကယားပြည်နယ်သည် အခြားဒေသနှင့် အနည်းငယ် ကွဲပြားပါသည်။ အထူးသဖြင့် ပွဲတော်ကျင်းပရန် ဘုန်းကြီးကျောင်း ကောင်မတီအဖွဲ့သည် အဓိက ဖြစ်သည့်အတွက် ဘုန်းတော်ကြီးများ သို့မဟုတ် ကိုရင်များ အိမ်သို့ပင့်ရန် ဦးရေကို ခွင့်ပြုချက်တောင်းခံရန် လိုအပ်ပါသည်။ နေ့ကြီးနေ့မြတ်‌ရောက်သည့်နေ့တွင် ကောင်မတီက ဦးဆောင်ပြီး အလှူရှင်များ၊ ဘုန်းတော်ကြီးများ နှင့် ကိုရင်များကို ခန်းမတွင်အတူအကွ စုရုံးကြသည်။ ကောင်မတီမှ ကံစမ်းမဲ ဖွင့်ပြီး အလှူရှင်နာမည်နှင့် ဘုန်းတော်ကြီး သို့မဟုတ် ကိုရင်များ၏ နာမည်ကို ကြေညာကြသည်။ ထို့နောက် အလှူရှင်မှ ဘုန်းတော်ကြီးကို အိမ်သို့ပင့်ဆောင်ပြီး ထမင်းဟင်း၊ သစ်သီးဝါလံများဖြင့် ကျွေးမွေးဧည့်ခံကြသည်။

ထိုပွဲတော်တွင် အထူးဆုအနေဖြင့် ပထမဆုကို မြတ်စွာဘုရားဆင်းတုတော်ပုံ၊ ဒုတိယဆုကို ရှင်ဦးပဂုတ္တဆင်းတုတော်ပုံကို ချီးမြှင့်ကြသည်။ ရှင်ဦးပရုပ်တုကို အနိုင်ရသော သူသည် ၅ ရက် သို့မဟုတ် ၇ ရက်ထိ သူတို့၏ အိမ်တွင် ပွဲတော်ကို ကျင်းပကြသည်။ ဧည့်သည်များသည် ထိုအိမ်သို့ သွားလည်ခြင်း နှင့် နောက်ဆုံးနေ့တွင် ပွဲတော်ကို ကောင်းမွန်စွာ ကျင်းပနိုင်ရန်အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။ နောက်ဆုံးညတွင် ရှင်ဦးပဂုတ္တရုပ်တုကို ပြင်ဆင်ပေးခြင်း နှင့် လှေပေါ်တွင် အလင်းရောင်းရရှိရန်အတွက် ပြင်ဆင်ကြသည်။

ထိုပွဲတော်ကို နေဝင်ချိန်မှာ စတင်ကျင်းပပြီး ပန်းပွင့်ဖြင့် ဖော်ဆောင်ထားသော ဖယောင်းတိုင်များကို မြစ်ထဲသို့ မျောဆင်းစေပါသည်။ ထိုအချိန်တွင် မြစ်လေးသည် အလင်း‌ရောင်ဖြင့် ထွန်းလင်းတောက်ပနေသည်။

ထို့နောက် လှပစွာ ဆင်မြန်းထားသော လှေလေး  မြစ်ရေစီးကြောင်းအတိုင်း လိုက်ပါသွားသည်ကို မျက်စိတဆုံး ပြည်သူတွေက စောင့်ကြည့်နေကြသည်။

ဒီးကူပွဲတော် 

ဒီးကူပွဲတော်ကို သြဂုတ်လနှင့် စက်တင်ဘာလတွင်  ကျင်း‌ပလေ့ရှိသည်။ ဒီးကူရွက်ဖြင့် ကောက်ညှင်းဆန်ကို သုံးထောင့်ပုံစံထုတ်ထားကြပြီး သုံးခုတစ်ခု ပြန်ပေါင်းချည်ကြသည်။ အဆင့်တွေပြီးမြောက်ပါက အဆင်သင့်စားနိုင်ရန်အတွက် ဒီးကူကို  ‌ပြုတ်ကြသည်။

ဒီးကူ

ရှေးယခင်က ယွန်းနှင့် ကျွန်စနစ်မှ လွတ်မြောက်ရန် တိုက်ပွဲဝင်စဥ် ဒီးကူကို စားနပ်ရိက္ခာအဖြစ် အသုံးပြုကြသည်။ သုံးခုထုတ်ရခြင်း၏ ရည်ရွယ်ချက်သည် ယွန်းပိုင်နယ်များကို တိုက်ထုတ်ခဲ့သော ကရင်နီ၏ မတူညီသော ‌ဒေသ သုံးခုမှ ခေါင်းဆောင် ညီအစ်ကိုများနှင့် စည်းလုံးခြင်းကို ရည်ညွန်းသည်။ ထိုပွဲတော်ကာလတွင် ဧည့်သည်များသည် ရွာခံ၏ အိမ်ကို လည်ပတ်လျှင် ဒီးကူ၊ ဆန်ခေါင်ရည် နှင့် ပြောင်းကောက်ခေါင်ရည် များဖြင့် ဧည့်ခံကြသည်။ ရိုးရာအရ အိမ်ကိုလည်ပတ်လျင် ရိုးရာခေါင်ရည်ကို အနည်းဆုံးတစ်ငုံသာ သောက်သင့်ပါသည်။အကယ်၍ ပထမဦးဆုံးအိမ်တွင် ခေါင်ရည်အများကြီး သောက်လျှင် အခြားအိမ်တွင် သောက်နိုင်တော့မည်မဟုတ်ပါ။

မြန်မာပြည်တွင် ကယားခေါင်ရည်သည် အကောင်းဆုံး‌ခေါင်ရည် ဖြစ်ပါသည်။ ပြောင်းကောက်ဆန် အမျိုးစားသုံးမျိုးရှိပါသည်။ ခေါင်ကျဟုခေါ်သော ခေါင်ရည်ပြင်း၊ ခေါင်ပူ နှင့် စုပ်ခေါင် တို့ဖြစ်ပါသည်။ စုပ်ခေါင်ကို ခေါင်အိုးဖြင့် ထည့်ထားရကာ ရေနွေးဖြည့်သောက်သုံးခြင်းကို ဆိုလိုပါသည်။ ပြောင်းကောက်ခေါင်ရည်သည် ၎င်းတို့၏ ဘဝအတွက် အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ အထူးသဖြင့် စုပ်ခေါင်ကို ရေ သို့မဟုတ် လက္ဘက်ရည် ကဲ့သို့ သောက်သုံးကြသည်။ အဘွားတစ်ယောက်က “သူတစ်နေ့ကို အနည်းဆုံး ခေါင်နှစ်အိုးလောက် သောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို စိတ်ခံစားမှုပိုကောင်းစေသလို ပိုပြီးကျန်မာစေပါတယ်။ ဆာလောင်မှုမှ ကင်‌ဝေးစေပါတယ်။” ဓာတုပါဝင်မှု မရှိသည့်အတွက် အာဟာရပြည့်ဝပါသည်။

ရိုးရာခေါင်ရည်

ခေါင်ရည်နှင့် တွဲသောက်သင့်သည့် အစားအစားတစ်ခုမှာ ဝက်အူချောင်း ဖြစ်ပါသည်။ ကယားဝက်အူချောင်းတွင်တွင် ဝက်သား၊ ဆား၊နနွင်း၊ဂျင်းနှင့် မှည့်ခါသီးတို့ ပါဝင်ပါသည်။ အဆာဖြင့်နယ်ထားသော အသားကို ဝက်အူထဲသို့ ထည့်သိပ်ပြီးလျှင် ကြော်စား သို့မဟုတ် ကင်စားနိုင်ပါသည်။ မက်ခါသီး၏ အနံ့အရသာသည် ဝက်အူချောင်းထဲသို့ မွှေးကြိုင်သင်းပျံ့စေသည်။ တစ်နေ့ကျလျှင် နောက်ထပ်ရိုးရာအစားအစာတစ်ခုဖြစ်သော ဟင်းထုတ် နှင့် မျိုးနွယ်စု၏ ရိုးရာယဥ်ကျေးမှုကို ပြောပြရန်အခွင့်ရေးရှိလာမည်ဟု မျှော်လင့်ပါသည်။

 

 

Posted
May 19, 2022